“ရန်ကုန်မြို့၌ မော်တော်ယာဉ်နှင့် အပိုပစ္စည်းအရောင်းပြပွဲ ကျင်းပမည်”
25 Aug
မော်တော်ယာဉ်ချစ်သူများအတွက် စီစဉ်ကျင်းပသည့် မော်တော်ယာဉ်နှင့် အပိုပစ္စည်းအရောင်းပြပွဲ (Myanmar Auto & Parts Expo 2026)ကို စက်တင်ဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အင်းလျားလိတ်ဟိုတယ်ဝင်းရှိ Yangon Convention Centre (YCC)၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါပြပွဲတွင် အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ဆီကားနှင့် လျှပ်စစ်ကား(EV) Brand များစွာကို ကိုယ်တိုင် လာရောက်လေ့လာ ဝယ်ယူနိုင်မည့်အပြင် မော်တော်ယာဉ်များအတွက် လိုအပ်တဲ့ တာယာ၊ အင်ဂျင်ဝိုင်၊ EV charger များနှင့် တခြားသောဝန်ဆောင်မှုလုပ်ငန်းများကိုပါ လေ့လာကြည့်ရှုနိုင်မှာဖြစ်သလို မော်တော်ယာဉ်နှင့် အပိုပစ္စည်း များကိုလည်း အထူးလျှော့ဈေးများဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီများမှ ကုန်ပစ္စည်းမိတ်ဆက်ဆိုင်ရာ ဟောပြောပွဲများ၊ မော်တော်ယာဉ်ဆိုင်ရာ ပညာပေး ဟောပြောပွဲများနှင့် ပညာရှင်များ၏ ဟောပြောဆွေးနွေးပွဲများကို အခမဲ့ လာရောက်ကြည့်ရှုနိုင်မည့် အစီအစဉ်များ ထည့်သွင်းထားရာ စိတ်ပါဝင်စားသူများအနေနဲ့ လာရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ (NVS-004)