“(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်”

25 Aug

(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဩဂုတ်လ ၂၄ ရက်တွင် ကရင်ပြည်နယ်နေ့ကျင်းပရေး စီမံခန့်ခွဲမှုဦးစီးကော်မတီနှင့် အထောက်အကူပြုလုပ်ငန်းကော်မတီများ၏ ညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြား၍ ပြည်နယ်ဝန်ကြီးများ က လာမည့်နိုဝင်ဘာလ ၇ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို အောင်မြင်စွာကျင်းပ နိုင်ရန် အထောက်အကူပြုလုပ်ငန်း ကော်မတီအတွင်းရေးမှူးများက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပရေး၊ ကရင်ရိုးရာ ဒုံးအကအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ဈေးဆိုင်ခန်းများ နေရာချထားရေး၊ ပြခန်းများ ခင်းကျင်းပြသရေး၊ ဆုများပေးအပ်ချီးမြှင့်ရေး၊ ပြည်နယ်နေ့အထိမ်းအမှတ် ပို့စကတ်၊ ပြက္ခဒိန်၊ မဂ္ဂဇင်းများထုတ်ဝေနိုင်ရေး၊ မှတ်တမ်းများထိန်းသိမ်းထားရှိရေး၊ ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်နိုင် ရေး ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ခရိုင်များအလိုက် ကျေးရွာ တစ်ရွာ ထုတ်ကုန်တစ်မျိုး ခင်းကျင်းပြသနိုင်ရေး၊ ဒုံးအကအဖွဲ့များနှင့် အားကစားသမားများ စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)

25 Aug

ADVERTISE HERE .