☀️ နိုင်ငံတကာနှင့် ပြည်တွင်း ထူးခြားသတင်းများ

25 Aug

မြဝတီမီဒီယာစင်တာ Novel Star News Agency 📅 ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် (အင်္ဂါနေ့ မနက်) ☀️ နိုင်ငံတကာနှင့် ပြည်တွင်း ထူးခြားသတင်းများ 🌍 နိုင်ငံတကာ ထူးခြားသတင်း ယူကရိန်းသို့ ဗြိတိန်ဝန်ကြီးချုပ်သစ် သွားရောက်ရန်ရှိပြီး တာဝေးပစ် ဒုံးပျံစက်ရုံ တည်ဆောက်ရေး ကူညီမည် ဗြိတိန်ဝန်ကြီးချုပ်သစ် အင်ဒီဘာနန်သည် ယူကရိန်းသို့ သွားရောက်ရန်ရှိပြီး တာဝေးပစ်ခရုစ် Storm Shadow ဒုံးပျံစက်ရုံ တည်ဆောက်ရေးအတွက် ကူညီမည်ဖြစ်သည်။ EU မှလည်း ယူရို ၇ ဘီလျံ ချေးမည်ဖြစ်၍ ရုရှားက ၎င်း၏ သံအမတ်ကို လန်ဒန်မှ ပြန်ခေါ်လိုက်သည်။ ရုရှား၏ ရေအောက်အနုမြူဒရုန်းတင် အမှတ် 09851 ရေငုတ်သင်္ဘောကြီးသည်လည်း ပင်လယ်ဖြူသို့ ထွက်ခွာသွားခဲ့သည်။ ကနေဒါနိုင်ငံအပေါ် အမေရိကန်က အခွန် ၅၀% တိုးကောက် အမေရိကန်ပြည်ထောင်စုသည် ကနေဒါနိုင်ငံအပေါ် အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံလိုက်သည်။ ဘင်္ဂလားပင်လယ်အော်အတွင်း တရုတ်ပိုင် သံရည်ကြိုမြေကြီးတင် သင်္ဘော နစ်မြုပ်၊ မြန်မာ ၃ ဦး အပါအဝင် ၂၄ ဦး ပါဝင် အိန္ဒိယနိုင်ငံ အိုဒိရှာဆိပ်ကမ်းမှ သံရည်ကြိုမြေကြီး တန် ၁,၇၀၀ တင်ဆောင်၍ တရုတ်သို့ ထွက်ခွာလာသည့် ပနားမားအလံတင် တရုတ်ပိုင် MV Ocean Winner သင်္ဘောသည် ဘင်္ဂလားပင်လယ်အော်အတွင်း နစ်မြုပ်သွားခဲ့သည်။ သင်္ဘောပေါ်တွင် မြန်မာ ၃ ဦး၊ ဘင်္ဂလီ ၁ ဦး၊ တရုတ် ၂၀ ဦး စုစုပေါင်း ၂၄ ဦး ပါဝင်ပြီး အမည်မသိ ၂ ဦးကိုသာ ကယ်တင်နိုင်ခဲ့သည်။ အိန္ဒိယ ပုဂ္ဂလိကကျောင်း၌ အိမ်စာမလုပ်သည့် ၆ နှစ်အရွယ် ကျောင်းသားကို ဆရာမက ရိုက်နှက်၍ သေဆုံးမှု ဖြစ်ပွား အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက် ပြည်နယ်ရှိ ပုဂ္ဂလိကကျောင်းတစ်ခု၌ ၆ နှစ်အရွယ် ကျောင်းသားသည် အိမ်စာမလုပ်ခဲ့သဖြင့် ဆရာမက ရင်ဘတ်ကို ရိုက်လိုက်ရာမှ လဲကျသေဆုံးသွားခဲ့၍ အမှုဖွင့် အရေးယူလျက်ရှိသည်။ iPhone ဝယ်မပေး၍ ကျောက်တောင်ပေါ်မှ ခုန်ချရာမှ မိသားစုတစ်စုလုံး သေဆုံးမှု ဖြစ်ပွား အိန္ဒိယနိုင်ငံ မဟာရာရှရာ ပြည်နယ်၌ ယာဉ်မောင်းလုပ်ငန်းလုပ်သူ၏ ၁၉ နှစ်အရွယ် သားဖြစ်သူသည် iPhone ဝယ်မပေး၍ ကျောက်တောင်ပေါ်မှ ခုန်ချရာ တားမြစ်သည့် ဖခင်ပါ ရောကျသွား၍ သေဆုံးခဲ့ပြီးနောက် မိခင်ဖြစ်သူပါ ထပ်မံ ခုန်ချသတ်သေသွားခဲ့သည်။ ဆီးရီးယားရှိ တူရကီ တည်ဆောက်ရေး လုပ်ငန်းများကို အစ္စရေး တိုက်ခိုက်မှုအပေါ် Haaretz သတင်းစာ ဝေဖန် ဆီးရီးယားတွင် တူရကီ အကူအညီဖြင့် ဆောင်ရွက်နေသော တည်ဆောက်ရေး လုပ်ငန်းများအား အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် တူရကီကို စစ်ပွဲအတွင်း ဆွဲခေါ်ရာရောက်သော ရန်များသည့် လုပ်ရပ်ဖြစ်သည်ဟု တယ်အဗစ်ထုတ် Haaretz သတင်းစာက ဝေဖန်ရေးသားလိုက်သည်။ ကျိုးသွားသော သွားများ ပြန်ပေါက်နိုင်သည့် TGR-035 ဆေး စမ်းသပ်မှု အောင်မြင် TGR-035 အမည်ရှိ ဆေးကို သောက်သုံးခြင်းဖြင့် ကျိုးသွားသော သွားများ ပြန်လည် ပေါက်လာနိုင်သည့် စမ်းသပ်မှု အောင်မြင်ကြောင်း ဂျပန်ပညာရှင်များက ထုတ်ပြန်လိုက်သည်။ ရုရှား ဖရီးဖောသမား ဆာဂျေးဘွိုင်းတော့ အမြင့်ပေ ၃၇,၈၉၇ မှ ခုန်ချ၍ စံချိန်သစ်တင် ကမ္ဘာ့လူငယ်များ အထိမ်းအမှတ်နေ့အဖြစ် ရုရှား ဖရီးဖောသမား ဆာဂျေးဘွိုင်းတော့သည် အမြင့်ပေ ၃၇,၈၉၇ မှ ၁ နာရီလျှင် ၃၁၁ မိုင်နှုန်းဖြင့် စံချိန်သစ်တင် ခုန်ချခဲ့သည်။ တရုတ် ရိုဘော့တစ် စက်ရုပ် Tiangong Ultra မီတာ ၁၀၀ ကို ၉.၃၉ စက္ကန့်ဖြင့် ပြေး၍ အူစိန်ဘော့ထက် သာလွန် တရုတ် စက်ရုပ်အပြေးပြိုင်ပွဲတွင် Tiangong Ultra အမည်ရှိ စက်ရုပ်သည် မီတာ ၁၀၀ ကို ၉.၃၉ စက္ကန့်ဖြင့် ပြေးလွှားနိုင်ခဲ့သဖြင့် ကမ္ဘာ့အမြန်ဆုံး လူသား အူစိန်ဘော့၏ ၉.၅၈ စက္ကန့်ထက်ပင် သာလွန်သွားခဲ့သည်။ 🇲🇲 ပြည်တွင်း ထူးခြားသတင်း မြိုင်မြို့နယ် ရေနံတွင်းများသို့ NUG စေလွှတ်လိုက်သော PDF များ ချေမှုန်းခံရ မြိုင်မြို့နယ်ရှိ ရေနံတွင်းများသို့ NUG က စေလွှတ်လိုက်သော စစ်ကူ PDF အဖွဲ့များ ချေမှုန်းခံလိုက်ရကြောင်း သတင်းရရှိသည်။ ဧရာဝတီမြစ်အတိုင်း ဆန်တက်နေသည့် ရေယာဉ်အုပ် တကောင်း အနီး တိုက်ခိုက်ခံရသော်လည်း ဆက်လက် ဆန်တက် ဧရာဝတီမြစ်အတိုင်း အထက်သို့ ဆန်တက်နေသော ၁၄ စီးပါ မိမိရေယာဉ်အုပ်သည် တကောင်းမြို့ အနီး၌ တိုက်ခိုက်ခံခဲ့ရသော်လည်း ဆက်လက် ဆန်တက်လျက်ရှိသည်။ မှော်ဘီမြို့နယ်၌ တက္ကဆီယာဉ်မောင်းအား ကပ်ကြေးဖြင့်ထောက်၍ လုယက်သူ ၃ ဦးကို ပြန်လည်ဖမ်းဆီးမိ မှော်ဘီမြို့နယ် ဗွက်ကြီးရွာသို့ တက္ကဆီ အငှားလိုက်သူ ဦးအောင်စိုးကို ခရီးသည်အယောင်ဆောင် ၃ ဦးက ကပ်ကြေးဖြင့်ထောက်ကာ ကား၊ ဖုန်းနှင့် ငွေ ၄ သိန်း လုယူသွားခဲ့ရာ တရားခံများကို အကုန် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။ သာကေတ အထက (၁) ကျောင်းသားနှင့် ဆရာမ၏ ခင်ပွန်းတို့ ပြန်ပေးဆွဲခံရ၍ ငွေဖြင့် ပြန်ရွေးခဲ့ရကြောင်း သတင်းထွက်ပေါ် သာကေတ အထက (၁) မှ ၇ တန်းကျောင်းသားကို လှိုင်သာယာ တူးချောင်း လူမိုက်အဖွဲ့က ဖမ်းခေါ်သွား၍ သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရကြောင်းနှင့် အဆိုပါကျောင်းမှ အထက်တန်းပြဆရာမ၏ ခင်ပွန်းကိုမူ သိန်း ၈၀ ဖြင့် ပြန်ရွေးခဲ့ရကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။ 🏛️ ပြည်ထောင်စုနယ်မြေ နေပြည်တော် သတင်း လယ်ဝေးမြို့၌ ပစ အပတ်စဉ် (၁) ပြန် ရပ်ကွက်အတွင်း သောင်းကျန်းနေမှု သတင်းပေးပို့ လယ်ဝေးမြို့၊ အောင်ဇေယျရပ်ကွက်၊ ၂ လမ်းမှ ဦးသိန်းဝင်း + ဒေါ်ခင်မာစိန် တို့၏သား ပစ အပတ်စဉ် (၁) ပြန် အောင်သီဟ (ခ) ဖိုးချစ်သည် ရပ်ကွက်အတွင်း၌ လှည့်ပတ်သောင်းကျန်းနေကြောင်း ရိုက်နှက်ခံရသူ ဖခင် ဦးသိန်းဝင်း၊ မချစ်စု၊ မတွယ်တာ၊ ကိုနေပိုင် တို့က သတင်းပေးပို့ထားသည်။ ငလိုက်ဆည် ရေပိုလွှဲမှ ရေ ၂ လက်မကျော် ရေလျှံရေပိုကျလျက်ရှိ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ငလိုက်ဆည် ရေပိုလွှဲမှ ရေ ၂ လက်မကျော် လျှံကျလျက်ရှိသည်။ သတင်းရင်းမြစ် - USDP ပြည်ထောင်စုနယ်မြေ Bulletin

25 Aug

ADVERTISE HERE .