“သူရဲကောင်းတစ်ဦးလို ကြိုဆိုခြင်းခံခဲ့ရတဲ့ ဇိုလစ်”
25 Aug
အာဆင်နယ်အသင်းရဲ့ တောင်ပံကစားသမား ဇိုလစ် ဟာ အသင်းဟောင်း ကလပ်ဘရုဂေးရဲ့ ဒါဘီပွဲစဉ်ကို သွားရောက်အားပေးခဲ့ရာမှာ သူရဲကောင်းတစ်ဦးလို ကြိုဆိုခြင်းခံခဲ့ရကြောင်း သိရပါတယ်။ ဘယ်လ်ဂျီယံပရိုလိဂ်ပြိုင်ပွဲမှာ ကလပ်ဘရုဂေးအသင်းက မြို့ခံပြိုင်ဘက် Cercle Brugge အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တာဖြစ်ပြီး ဇိုလစ် က ဘောလုံးကန်သွင်းပြီး ပွဲစတင်ပေးခဲ့ကြောင်းလည်း သိရပါတယ်။ ကလပ်ဘရုဂေး အသင်းရဲ့ပရိသတ်တွေက ဇိုလစ် ကွင်းထဲဝင်ရောက်လာချိန်မှာ မတ်တပ်ရပ်ပြီး ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။ ဂရိလက်ရွေးစင်ကစားသမား ဇိုလစ် က ကလပ်ဘရုဂေးအသင်းမှာ နှစ်ရာသီကစားခဲ့စဉ်အတွင်း ၁၀၈ ပွဲ ကစားကာ ၄၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄၅ ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြခဲ့တာကြောင့် ပရိသတ်အချစ်တော် ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဇိုလစ်က ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကို ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့ပြီး အင်္ဂလန်မြေမှာလည်း ခြေစွမ်းပြနိုင်တာကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း မြန်မြန်ဆန်ဆန် ရရှိခဲ့ပါတယ်။ (NVS 008)