“ဘရာဇီးလ်တောင်ပံကစားသမား အယ်လန်အဲလီးယက်စ် နဲ့ သဘောတူညီမှုရရှိခဲ့တဲ့ မန်စီးတီးအသင်း”
25 Aug
မန်စီးတီးအသင်းဟာ ဘရာဇီးလ်ကလပ် ပါလ်မီးရပ်စ်အသင်း က တောင်ပံကစားသမား အယ်လန် အဲလီးယက်စ် ကိုခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းအနေနဲ့ အယ်လန် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ အယ်လန် ရဲ့အပြောင်းအရွှေ့မှာ ကနဦး ယူရို ၃၇ ဒသမ ၅ သန်း ပေးချေရမှာဖြစ်ပြီး အပိုဆုကြေးကတော့ ယူရို ၂.၅ သန်း ရှိနိုင်ပါတယ်။ မန်စီးတီးအသင်းကနေ တိုက်စစ်ကစားသမားတချို့ ထွက်ခွာဖွယ်ရှိနေလို့ အယ်လန် နဲ့ ပြန်လည် အစားထိုးခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အယ်လန်၊ မော်ရိုကိုကွင်းလယ်လူ ဘူအက်ဒီတို့နဲ့ အပြောင်းအရွှေ့ တွေကို အခုတစ်ပတ်အတွင်း အဆုံးသတ်ဖို့ ဆန္ဒရှိနေပါတယ်။ (NVS 008)
25 Aug