“MOFA ဒုတိယဝန်ကြီး ဦးကိုကိုကျော် ရုရှားသံရုံးယာယီတာဝန်ခံနှင့် UNOPS မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူး တို့ကို သီးခြားစီတွေ့ဆုံ”

25 Aug

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် က ဩဂုတ်လ ၂၄ ရက်မှာ ရန်ကုန်မြို့ရှိ ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံ မစ္စ နာတာလီရာ နယ်ဖယ်ဒေါ်ဗာနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross တို့အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ ရုရှားသံရုံး၏ သံရုံးယာယီတာဝန်ခံနှင့် တွေ့ဆုံရာမှာ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဆက်လက်တိုးတက်ခိုင်မာစေရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးနှင့် ဒေသတွင်း၊ နိုင်ငံတကာမျက်နှာစာတို့မှာ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်က UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးနှင့် ယာယီဌာနေကိုယ်စားလှယ် Mr. Peter John Cross အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာအစိုးရနှင့် UNOPS တို့အကြား လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းများအပြင် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

25 Aug

ADVERTISE HERE .