“ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနကို အမည်ပြောင်းလဲသတ်မှတ်”

25 Aug

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအမည်ကို ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၅/၂၀၂၆ ဖြင့် သြဂုတ်လ ၂၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မ ၂၁၂၊ ပုဒ်မခွဲ(က)နှင့်(ခ)တို့အရ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့လိုက်ကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။ (NVS 008)

25 Aug

ADVERTISE HERE .