“ထိုင်းနိုင်ငံ(တောင်ပိုင်း) ပြည်နယ် ၃ ခုမှာ နေထိုင်သော မြန်မာနိုင်ငံသားများ တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဆက်သွယ်နိုင်”
25 Aug
ထိုင်းနိုင်ငံ(တောင်ပိုင်း)တွင် အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်နေသည့် ပြည်နယ် ၃ ခုတွင်နေထိုင်လျက်ရှိ သော မြန်မာနိုင်ငံသားများ တစ်စုံတစ်ရာဖြစ်ပေါ်ပါက ဆက်သွယ်နိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဘန်ကောက်မြို့က သြဂုတ်လ ၂၄ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ(တောင်ပိုင်း)၊ ပတ္တနီ၊ ယာလာနှင့် နရာသီဝပ်ပြည်နယ်များတွင် လက်ရှိအချိန်၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။ ဒါကြောင့် ယင်းပြည်နယ်များမှာ နေထိုင်လျက်ရှိတဲ့ မြန်မာနိုင်ငံသားများ အနေနဲ့ မသက်ဆိုင်သော လူစုလူဝေးများတွင် ပါဝင်ပတ်သက်မှုမရှိရန်၊ လုံခြုံရေးအထူးဂရုပြုနေထိုင်သွားလာရန်၊ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြန်မာသံရုံးနှင့်အလုပ်သမားသံအရာရှိရုံးများသို့ ဆက်သွယ်အကြောင်း ကြားကြရန် အသိပေးထားပါတယ်။ (NVS 008)
25 Aug