“သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်သို့ ပြန်လည်ရောက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းကြရန်နှိုးဆော်ထား”
25 Aug
သောင်ရင်းမြစ်ရေသည် သြဂုတ်လ ၂၄ ရက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ကျော့ပြန်ကျော်လွန်ရောက်ရှိလာသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်မှုများပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ညနေပိုင်းမှစတင်၍ သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခဲ့သဖြင့် အနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းအနီးတို့မှာ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်သူများကို ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုသို့ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရပါတယ်။ သြဂုတ်လ ၂၃ ရက်မှာ ရေများပြန်လည်ကျဆင်းသွားသဖြင့် ယာယီရေဘေး ကယ်ဆယ်ရေးစခန်း ၆ ခုအနက် ၃ ခုကိုပိတ်သိမ်းပြီးနောက် ရေဘေးသင့်သူများမှာ ၎င်းတို့၏နေအိမ်များသို့ ပြန်လည်နေထိုင်ခဲ့ကြသော်လည်း သောင်ရင်းမြစ်ရေ ပြန်လည်မြင့်တက်လာခဲ့တာကြောင့် အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ (NVS 008)