“ယူကရိန်း ပဋိပက္ခတွင် ဗြိတိန်နိုင်ငံက ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေသည်ဟု ရုရှားပြော”
25 Aug
လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်းပဋိပက္ခတွင် ဗြိတိန်နိုင်ငံသည် တိုက်ရိုက်ပါဝင်နေရုံသာမက ထဲထဲဝင်ဝင် ပါဝင်နေတာဖြစ်သည်ဟု ရုရှားသမ္မတရုံးမှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောသည်။ ဗြိတိန်နိုင်ငံက ယူကရိန်းအနေဖြင့် တာဝေးပစ်အနိမ့်ပျံဒုံးကျည်များကို ပြည်တွင်းမှာတင်ထုတ် လုပ်နိုင်စေမည့် လျှို့ဝှက် အချက်အလက်များကို ပံ့ပိုးပေးသွားမယ်ဆိုသည့်အစီအစဉ်အား ထုတ်ပြန်လာပြီးနောက် ရုရှားဘက်က ယခုကဲ့သို့ ပြောကြား ခြင်း ဖြစ်သည်။ ဗြိတိန်အစိုးရသည် Storm Shadow ဒုံးကျည်ကို ပြင်သစ်နိုင်ငံထုတ်ပုံစံဖြစ်သည့် SCALP ဒုံးကျည် တွင်အသုံးပြုနိုင်မည့် ဗြိတိန်နိုင်ငံထုတ်အစိတ်အပိုင်းများနှင့်သက်ဆိုင်သည့် အချက်အလက်များကို ယူကရိန်း အစိုးရသို့ ထုတ်ပေးသွားရန် သက်ဆိုင်ရာကာကွယ်ရေးကုမ္ပဏီကို ညွှန်ကြားထားသည်။ အဆိုပါ ဒုံးကျည်အမျိုးအစားသည် ဝေဟင်ပစ်ဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၂၅၀ ကျော်အထိ ရောက်ရှိနိုင် သည်။ နည်းပညာကို ဗြိတိန်နှင့်ပြင်သစ်တို့က ပူးတွဲပိုင်ဆိုင်ထားပြီး ယခုကဲ့သို့ ညွှန်ကြားချက်များကြောင့် ဗြိတိန် အစိုးရသည် ယူကရိန်းပဋိပက္ခတွင် ယူကရိန်းအစိုးရဘက်မှ တိုက်ရိုက်ပါဝင်လာနေခြင်းကို ပြသနေခြင်းဖြစ်တာ ကြောင့် ရုရှားတပ်မတော်အနေနှင့် အဆိုပါဒုံးကျည်ထုတ်လုပ်မည့်နေရာများကို စုံစမ်းဖော်ထုတ်ပြီး တိုက်ခိုက် ဖျက်ဆီးသွားမယ်လို့ ပက်စကော့က ပြောသည်။ ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ကလည်း ရုရှား၏ ခြိမ်းခြောက်မှု များရှိနေသည့်တိုင် ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဟု အခိုင်အမာပြောထားကြောင်း RT သတင်း ဌာန ဖော်ပြချက်အရ သိရသည်။