“အက်စတွန်ဗီလာအသင်းကနေ ဝက်ကင်စ် ထွက်ခွာဖွယ်ရှိတယ်လို့ ဆိုတဲ့ အူနိုင်းအမ်မရီ”
24 Aug
အက်စတွန်ဗီလာအသင်းနည်းပြ အူနိုင်းအမ်မရီ က တိုက်စစ်မှူး ဝက်ကင်စ် အနေနဲ့ အသင်းက ထွက်ခွာဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဝက်ကင်စ် ဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံ ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်နေပြီး အူနိုင်းအမ်မရီက အယ်လ်ဟီလာအသင်းရဲ့ကမ်းလှမ်းလာမှုကို အတည်ပြုခဲ့ပါတယ်။ ဒါကြောင့် အူနိုင်းအမ်မရီ က ဝက်ကင်စ် ကို ဆက်ထိန်းထားလိုပေမယ့် အသင်းက ထွက်ခွာဖွယ်ရှိတယ်လို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဝက်ကင်စ် ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဘရန့်ဖို့ဒ်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက အသင်းအတွက် ၁၀၈ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ဗီလာအသင်းရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ (NVS 008)
24 Aug