“ဆော်ဒီကလပ်ကို ပြောင်းရွှေ့ခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ပါတေး”
24 Aug
အာဆင်နယ်ကွင်းလယ်လူဟောင်း ပါတေး ဟာ ဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းကို ပြောင်းရွှေ့ ခဲ့ပါတယ်။ ပါတေး ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ လာလီဂါကလပ် ဗီလာရီးရဲလ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး ကတည်းက အသင်းလက်မဲ့ ဖြစ်နေပါတယ်။ ပါတေး ဟာ အယ်လ်ရှာဘတ်အသင်းနဲ့ တစ်နှစ်စာချုပ် ချုပ်ဆို ခဲ့တယ်လို့ သိရပါတယ်။ ပါတေး အနေနဲ့ ဗြိတိန်မှာ မုဒိမ်းမှုစွဲချက်တွေနဲ့ တရားရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဗီလာရီးရဲလ်အသင်းအတွက် လာလီဂါ ၃၂ ပွဲ ကစားခဲ့ပေမယ့် အသင်းဘက်က စာချုပ် သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပါတေး ဟာ အာဆင်နယ်အသင်းမှာ ၂၀၂၀ ကနေ ၂၀၂၅ ခုနှစ်အထိ ကြာမြင့်ခဲ့ပြီး ပြိုင်ပွဲစုံ ၁၆၇ ပွဲ ကစားပေးခဲ့ပါတယ်။
24 Aug