“ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအင်္ဂလိပ်ကစားသမားအဖြစ် ဟာရီကိန်း မှတ်တမ်းဝင်”
24 Aug
အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်း ဟာ ဂျာမန်တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမား ဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဂျာမန်တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုအတွက် ဟာရီကိန်း က မဲအများဆုံးရခဲ့တာ ဖြစ်ပါတယ်။ ဆုရွေးချယ်ရာမှာ ဘွန်ဒစ်လီဂါကစားသမားတွေအပြင် ပြည်ပရောက် ဂျာမန်ကစားသမားတွေလည်း အကျုံးဝင်ပါတယ်။ ဟာရီကိန်း ဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၆၁ ဂိုးသွင်းခဲ့ပြီး ဘွန်ဒစ်လီဂါနဲ့ ဂျာမန်ဖလားနှစ်လုံး ရယူပေးခဲ့ပါတယ်။ ဘိုင်ယန်တိုက်စစ်မှူး ဟာရီကိန်း ဟာ စုစုပေါင်း ၂၇၂ မဲနဲ့ ဆုရခဲ့ပြီး နည်းပြ ကွန်ပနီကလည်း တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ (NVS 008)
24 Aug