“မြန်မာ-တရုတ် အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး”

24 Aug

မြန်မာ-တရုတ် နှစ်နိုင်ငံအကောက်ခွန်ဌာနများအကြား အကောက်ခွန်ဆိုင်ရာကိစ္စရပ်များမှာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် အပြန်အလှန်အကူအညီပေးရေးနားလည်မှုစာချွန်လွှာ(MoU)ကို ဩဂုတ်လ ၂၂ ရက်မှာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒလျန်မြို့မှာ ဩဂုတ်လ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့တဲ့ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အကောက်ခွန်ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (APEC Customs Business Dialogue)သို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်စဉ် ၎င်းစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်အာဏာပိုင်အဖွဲ့ ဒုတိယဝန်ကြီး Mr. Zhang Baofeng က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး နည်းပညာနှင့်တီထွင်ဆန်းသစ်မှု မြှင့်တင်ရေး၊ ခေတ်မီ အကောက်ခွန်ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ အစားအသောက် ဘေးကင်းလုံခြုံမှုနှင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ခိုင်မာရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့က တရုတ်အကောက်ခွန် ဒုတိယဝန်ကြီးနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စွမ်းဆောင်ရည်ပျိုးထောင်ရေးနှင့် မြန်မာ-တရုတ်နယ်စပ်ဒေသများမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ် များကို ရင်းနှီးစွာဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

24 Aug

ADVERTISE HERE .