“တောင်ငူမြို့မှာ တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ တည်ဆောက်ရန်စီစဉ်ဆောင်ရွက်နေ”

24 Aug

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များနှင့်တွေ့ဆုံစဉ်မှာ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းစင်တာ တည်ဆောက်ပြီးစီးပါက ဒေသခံတိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်း ကျောင်းသင်တန်းများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကသင်တန်းများကို ဒေသနှင့်ကိုက်ညီစွာ ဖွင့်လှစ် ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင်တွေ့ဆုံပွဲမှာ တိုင်းရင်းသားအသင်းအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီရုံးများ ဆောက်လုပ်ရန် မြေနေရာကူညီပေးရေး၊ နိုင်ငံသားစိစစ်ရေး ကတ်များ၌ တိုင်းရင်းသားလူမျိုးအမည်မှားယွင်းမှုပြင်ဆင်ရေးနှင့် နွေရာသီတိုင်းရင်းသားဘာသာစာပေသင်ကြားရေး အတွက် ပံ့ပိုးကူညီပေးနိုင်ရေး ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

24 Aug

ADVERTISE HERE .