“ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နှင့် ကျုံပျော်မြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်”

24 Aug

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နှင့် ကျုံပျော်မြို့တို့မှာ သြဂုတ်လ ၂၃ ရက်က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေ၍ ရေဘေးသင့်သူများကိုရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရပါတယ်။ ကျောင်းကုန်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဒါးကမြစ်ရေမြင့်တက်မှုကြောင့် နံနက်ပိုင်းမှစတင်ကာ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်တို့မှာ ရေဝင်ရောက်မှုများ ဖြစ်ပေါ် ခဲ့သဖြင့် ရေဘေးသင့်သူများကို ရေဘေးလွတ်ကင်းရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ကျုံပျော်မြို့မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံနက်ပိုင်းမှစတင်ကာ မြေနိမ့်ပိုင်းရှိ ပင်လုံ ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေသဖြင့် ရေဘေးသင့်သူများကို ရေဘေးလွတ်ကင်းရာသို့ကူညီ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

24 Aug

ADVERTISE HERE .