“မြဝတီမြို့ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုကို ပိတ်သိမ်းခဲ့”
24 Aug
သောင်ရင်းမြစ်ရေက မြဝတီမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ရေများပြန်လည်ကျဆင်းလာခဲ့တာကြောင့် ယာယီရေဘေးကယ်ရေးစခန်း ၆ ခု အနက် ၃ ခုကို ပြန်လည်ပိတ်သိမ်းလိုက်ပြီးဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး သောင်ရင်းမြစ်ရေမြင့်တက်ကာ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိခဲ့၍ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်သဖြင့် ရေဘေးသင့်သူများ ကို ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုနှင့် စောင့်ရှောက်ပေးခဲ့ရပါတယ်။ သြဂုတ်လ ၂၃ ရက်မှာ ရေဝင်ရောက်နေသော အနိမ့်ပိုင်းရပ်ကွက်အချို့မှာ ရေများပြန်လည်ကျဆင်းလာခဲ့ရာ ယာယီရေဘေးကယ်ရေးစခန်း ၆ ခုအနက် ၃ ခုတွင် နေထိုင်သူများမှာ ၎င်းတို့၏နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၃ ခုကို ပိတ်သိမ်းခဲ့ကာ လက်ရှိ အချိန်၌ အမှတ်(၄)ရပ်ကွက်၊ တောရဘုန်းကြီးကျောင်း၊ ကြခတ်တောဘုန်းကြီးတော်ကျောင်းနှင့် အမှတ်(၅) ရပ်ကွက် ကိုးနဝင်းကျောင်းတို့ကိုသာ ဆက်လက်ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၁,၆၂၂ ဦး ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)