“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်”

24 Aug

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို သြဂုတ်လ ၂၃ ရက်နံနက်ပိုင်းမှာ မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားရေဝေရေလဲဒေသ၌ စတုတ္ထအကြိမ်မြောက်အဖြစ်ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအောင်နိုင်သူ တက်ရောက်စိုက်ပျိုး ပေးခဲ့ပြီးနောက် တက်ရောက်လာကြသူများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂၀၂၆ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ပထမအကြိမ်အဖြစ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အစိုးရနည်းပညာကောလိပ်မှာ အရိပ်ရပင် ၁,၀၀၀ ပင်၊ ဒုတိယအကြိမ်အဖြစ် မင်္ဂလာဒုံ မြို့နယ်လှော်ကားရေဝေရေလဲဒေသမှာ အရိပ်ရပင် ၁၈,၉၀၀ ပင်၊ တတိယအကြိမ်အဖြစ် ရဲမွန်တပ်မြို့ ရဲမွန် ကျောင်းဝင်းမှာ အရိပ်ရပင် ၁,၂၂၃ ပင်၊ စတုတ္ထအကြိမ်အဖြစ် မင်္ဂလာဒုံမြို့နယ်၊ လှော်ကားရေဝေရေလဲဒေသမှာ အရိပ်ရပင် ၃၇,၈၀၀ ပင်ကိုစိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ၄ ကြိမ်မှာ ဧကပေါင်း ၁၁၅ ဧကတွင် အရိပ်ရပင်ပေါင်း ၅၈,၉၂၃ ပင်ကို အောင်မြင်စွာစိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

24 Aug

ADVERTISE HERE .