“အမေရိကန်၏ “စီးပွားရေးအကြမ်းဖက်မှု” သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအား ခြိမ်းခြောက်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးပြောကြား”

24 Aug

အမေရိကန်၏ “စီးပွားရေးအကြမ်းဖက်မှု” သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ် အေရာချီက ပြောကြားသည်။ အမေရိကန်သမ္မတ ထရမ့်က အီရန်နိုင်ငံအား အကူအညီပေးသည့် မည်သည့်နိုင်ငံကိုမဆို စီးပွားရေးအရ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုကိုဆောင်ရွက်မည်ဟု ကြေညာပြီးနောက် ယခုမှတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုစစ်ပွဲသည် မကြုံစဖူးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် စီးပွားရေးစစ်ပွဲဖြစ်ပြီး အရေးယူပိတ်ဆို့ခံရ သည့် နိုင်ငံများအား အထီးကျန်မှုဖြစ်စေလိမ့်မည်ဟု ထရမ့်က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့ပြီး ၎င်းလှုပ်ရှားမှုကို “စီးပွားရေး D-DAY" ဟု ခေါ်ဆိုခဲ့သည်။ ယခုကဲ့သို့ဆောင်ရွက်ခြင်းသည် ဝါရှင်တန်အနေဖြင့် အကျပ်အတည်းမှ လွတ်မြောက်ရန် လမ်းကြောင်းပြောင်းခြင်းလည်းဖြစ်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

24 Aug

ADVERTISE HERE .