“တန်းတက် ဟူးလ်စီးတီးအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့တဲ့ မန်ယူအသင်း”
23 Aug
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁)အဖြစ် ကစားခဲ့တဲ့ ဟူးလ်စီးတီးအသင်းနှင့် မန်ယူအသင်းတို့ ပွဲစဉ်တွင် မန်ယူ အသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး အဖွင့်ပွဲစဉ်တွင် တန်းတက်အသင်းကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့ကြောင်း Fot-mob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အဆိုပါပွဲစဉ်တွင် ဟူးလ်စီးတီး အသင်းက ခံစစ်ကစားကွက်ကို အားပြုကစားခဲ့သဖြင့် မန်ယူအသင်းအတွက် ဂိုးရရှိရန် ခက်ခဲခဲ့ကာ ပွဲချိန် ၁၇ မိနစ်တွင် အဂျာယီ နှင့် ပွဲချိန် ၃၈ မိနစ်တွင် မန်ဒီ တို့က ဟူးလ်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးများ သွင်းယူခဲ့ပြီး ပထမပိုင်းအပြီးတွင် ဟူးလ်စီးတီးအသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ မန်ယူအသင်းက ချေပဂိုးများအတွက် ပွဲချိန်တစ်လျှောက် ဖိအားပေး ကစားခဲ့သော်လည်း ဟူးလ်စီးတီးအသင်းက ခံစစ်ပိုင်းအားပြုပြီး အမှားအယွင်းမရှိ ကစားနိုင်ခဲ့လို့ မန်ယူအသင်းက ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံးချိန်တွင် ဟူးလ်စီးတီးအသင်းက မန်ယူအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့ပါတယ်။(NVS 008)