“လက်ရှိဘဏ္ဍာနှစ် လေးလတာကာလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ခုနစ်သိန်းနီးပါးတင်ပို့ထား”
23 Aug
လက်ရှိဘဏ္ဍာနှစ် လေးလတာကာလအတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၂၃၂ သန်းတန်ဖိုးရှိ ဆန်နှင့် ဆန်ကွဲတန်ချိန် ခုနစ်သိန်းနီးပါး တင်ပို့ထားကြောင်း မြန်မာဆန်စပါးအသင်းချုပ်၏စာရင်းများအရ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် လေးလတာကာလအတွင်း မြန်မာ့ဆန်နှင့်ဆန်ကွဲကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကတင်ပို့ခြင်းဖြစ်ပြီး ဆန်တန်ချိန် ၄၂၆,၆၇၆ တန်နှင့် ဆန်ကွဲတန်ချိန် ၂၇၃,၀၅၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲများတင်ပို့ရာတွင် ပုဂ္ဂလိကကုမ္ပဏီများမှ တင်ပို့နေခြင်းဖြစ်ကာ ကုမ္ပဏီပေါင်း ၅၀ ကျော်မှ လစဉ်တင်ပို့လျက်ရှိပါတယ်။ ထိုသို့တင်ပို့ရာတွင် တရုတ်၊ ဖိလစ်ပိုင် စသည့် အာရှနိုင်ငံများအပြင် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ လစဉ်တင်ပို့လေ့ရှိပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂,၇၄၀,၇၃၉ တန် တင်ပို့နိုင်ခဲ့ပြီး ဘဏ္ဍာရေးနှစ်အလိုက် ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)