“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် နှင့် တူဗားပြည်နယ်အကြီးအကဲ တွေ့ဆုံဆွေးနွေး”

23 Aug

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဩဂုတ်လ ၂၂ ရက် ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗားပြည်နယ် အကြီးအကဲ မစ္စတာ ဗလာဒီစလပ်ခိုဗာလစ်ဂ် နှင့် ကီးဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့အိမ်တော်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စု ဝန်ကြီးများနှင့်အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တူဗားပြည်နယ်အကြီးအကဲနှင့်အတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတက ဆွေးနွေးရာတွင် တူဗားပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများဖြစ်ပြီး အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံမှုများ ရှည်လျားကောင်းမွန်လျက်ရှိမှုနှင့် ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရန် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိလျက်ရှိမှု၊ နှစ်နိုင်ငံဗဟိုအစိုးရအဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့သို့ နှစ်နိုင်ငံမှ ပြည်နယ်များအချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံဖြစ်သလို တူဗားပြည်နယ်တွင် နေထိုင်သူအများစုသည်လည်း တိဗက်ဗုဒ္ဓဘာသာများဖြစ်လို့ ဘုရားဖူးခရီးစဉ်များနှင့် ခရီးသွား လုပ်ငန်းများ အပြန်အလှန် မြှင့်တင်ဆောင်ရွက်နိုင်မှု၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် သံတမန်ဆက်ဆံမှုများကို ယခုထက်ပိုမို တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါတယ်။(NVS 008)

23 Aug

ADVERTISE HERE .