“ရုရှား၏ ပစိဖိတ်ရေတပ်အုပ်စု ကူရိုင်းကျွန်းစု ကမ်းလွန်စစ်ရေးလေ့ကျင့်မှု၌ ဒုံးကျည်များစမ်းသပ်”

23 Aug

ရုရှား၏ ပစိဖိတ်ရေတပ်အုပ်စုသည် ပစိဖိတ်သမုဒ္ဒရာဒေသ ကူရိုင်းကျွန်းစု ကမ်းလွန်စစ်ရေးလေ့ကျင့်မှု၌ ဒုံးကျည်စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း ဩဂုတ်လ ၂၁ ရက် သတင်းများတွင် ရေးသားတင်ပြခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ကူရိုင်းကျွန်းစု ကမ်းလွန်ရေပြင်အတွင်းပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများတွင် ဗားယက်ဂ်တိုက်သင်္ဘော က ဗော်လ်ကန်သင်္ဘောဖျက်ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း ရုရှားပစိဖိတ် ရေတပ်အုပ်စုက သတင်း ထုတ်ပြန်ထားသည်။ ထို့ပြင် အိုမက်စ်ခ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စီးကလည်း ဂရင်းနစ်ခရုစ်ဒုံးကျည်များကို ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း သိရသည်။ ထို့အတူ ကူရိုင်းကျွန်းစုဒေသ၌ တပ်စွဲထားသော ဘက်ရှင်းကမ်းရိုးတန်း ကာကွယ်ရေး ဒုံးကျည်တပ်ဖွဲ့က အိုနစ်စ်ဒုံးကျည်စနစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားပစိဖိတ်ရေတပ်အုပ်စု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကူရိုင်းကျွန်းစုကမ်းလွန်၌ ရုရှားပစိဖိတ်ရေတပ်အုပ်စုက ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့မှုကို ဂျပန်အစိုးရက ကန့်ကွက်ထားသည်။ ကူရိုင်းကျွန်းစုကို ရုရှားနိုင်ငံက ထိန်းချုပ်ထားသော်လည်း ဂျပန်နိုင်ငံကလည်း ထိုကျွန်းစုကို ပိုင်ဆိုင်ခွင့် တောင်းဆိုထားကြောင်း သိရသည်။

23 Aug

ADVERTISE HERE .