“မန်စီးတီးကစားသမား ရိုင်ဒါစ် ကိုခေါ်ယူလိုက်တဲ့ အယ်လ်ကာဆီယာအသင်း”
22 Aug
ဆော်ဒီကလပ် အယ်လ်ကာဆီယာအသင်းက မန်စီးတီးအသင်းရဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်လူ ရိုင်ဒါစ် ကို ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။ အယ်လ်ကာဆီယာအသင်းက ရိုင်ဒါစ် အတွက် အပိုဆုကြေးအပါအဝင် ပေါင် ၅၂ သန်းဝန်းကျင် ပေးချေခဲ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ် ရိုင်ဒါစ် ဟာ ပြီးခဲ့တဲ့ရာသီက အေစီမီလန်အသင်းကနေ ပေါင် ၄၆ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့လာပြီး အစောပိုင်းမှာ ခြေစွမ်းပြခဲ့ပေမဲ့ နောက်ပိုင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ နောက်ဆုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပွဲ ၅၀ ကစားပေးခဲ့ပြီး ခုနစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ရိုင်ဒါစ် အနေနဲ့ လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာစ် ကိုင်တွယ်နေတဲ့ အယ်လ်ကာဆီယာအသင်းနဲ့ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။(NVS 008)
22 Aug