“မင့်စ်မြို့၌ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်”

22 Aug

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဩဂုတ်လ ၂၁ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် မင့်စ်မြို့ရှိ Dipservice Hall ၌ ကျင်းပသည့် ဘယ်လာရုစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။ အဆိုပါ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမောင်မောင်စိုးနှင့် သံရုံးဝန်ထမ်းများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။ ဘယ်လာရုစ်နိုင်ငံတွင် မြန်မာသံရုံးဖွင့်လှစ်နိုင်ခြင်းက နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ပိုမိုခိုင်မာ စေမည့်အပြင် နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးအပါအဝင် ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာစေမှာ ဖြစ်ပါတယ်။(NVS 008)

22 Aug

ADVERTISE HERE .