“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရာထူးအတွက် ဒုတိယမြောက် အလွတ်သဘောမဲခွဲပွဲ လုံခြုံရေးကောင်စီ ကျင်းပ”

22 Aug

ကုလသမဂ္ဂ၏ ဩဇာအာဏာအကြီးမားဆုံး အဖွဲ့အစည်းဖြစ်သော လုံခြုံရေးကောင်စီသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲအတွက် ဒုတိယမြောက် အလွတ်သဘောမဲခွဲပွဲကို ဩဂုတ်လ ၂၁ ရက်တွင် ကျင်းပခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲအတွက် ပထမဆုံးအလွတ်သဘောမဲခွဲပွဲကို လုံခြုံရေးကောင်စီ က ပြီးခဲ့သည့်လအတွင်း ကျင်းပခဲ့ပြီးဖြစ်သည်။ အဆိုပါ အလွတ်သဘောမဲခွဲပွဲမှ ပေါ်ထွက်လာသည့် ရလဒ်များအရ ကော်စတာရီကာ ဒုတိယသမ္မတဟောင်း ရီဘက်ကာဂရင်းစပင်း မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူး ရယူနိုင်မည့်သူအဖြစ် အလားအလာကောင်းနေကြောင်း သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲတွင် ကော်စတာရီကာ၊ အာဂျင်တီးနား၊ ချီလီ၊ အီကွေဒေါ၊ ဂူယာနာ၊ ယူဂန်ဒါ၊ ဆီနီဂေါနိုင်ငံတို့မှ ကိုယ်စားလှယ်လောင်းရှစ်ဦး ပါဝင်လျက်ရှိသည်။ ယခုနှစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲ၌ အနိုင်ရမည့်သူသည် ၁၀ ဦးမြောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

22 Aug

ADVERTISE HERE .