၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် ထူးခြားထင်ရှားသော Breakfast News သတင်းများ
22 Aug
မြဝတီမီဒီယာစင်တာ Novel Star News Agency 📅 ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် ထူးခြားထင်ရှားသော Breakfast News သတင်းများ ကမ္ဘာ့သတင်း ယူကရိန်းရှိ ဈေးဝယ်စင်တာကို ရုရှား၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံး ယူကရိန်းနိုင်ငံ kryvyi Rih မြို့ရှိ ဈေးဝယ်စင်တာတစ်ခုကို ရုရှားဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး ၁၅ ဦး သေဆုံးပြီး ၁၃၀ ထက်မက ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။ သတင်းရင်းမြစ် - Reuters စီးပွားရေးနှင့် ဘဏ္ဍာရေး အီရန်နှင့် ကုန်သွယ်ဖက်များကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်လိုက်ပြီးနောက် ရေနံဈေးနှုန်း များ မြင့်တက်လာ အီရန်နှင့် ကုန်သွယ်မှုပြုလုပ်သည့် နိုင်ငံများကို ဒဏ်ခတ်ပိတ်ဆို့သွားမည်ဟု သမ္မတ ဒေါ်နယ်ထရန့် က ခြိမ်းခြောက် ပြောဆိုခဲ့ပြီးနောက် Brent ရေနံစိမ်းဈေးသည် တစ်ပေပါလျှင် ၉၄ ဒသမ ၃၉ ဒေါ်လာအထိ ရောက်ရှိသွားခဲ့သည်။ သတင်းရင်းမြစ် - Reuters နည်းပညာ Nvidia က Al Data-Centre တည်ဆောက်သူ Cloverleaf Infrastructure ၌ ရင်းနှီးမြှုပ်နှံ Nvidia သည် AI လုပ်ငန်းစဉ်များအတွက် လိုအပ်သော ဒေတာစင်တာ စွမ်းဆောင်ရည်မြှင့်တင်ရန် Cloverleaf Intrastructure ကုမ္ပဏီ၌ အစုရှယ်ယာအနည်းငယ် ပါဝင်ရင်းနှီးမြုပ်နှံခဲ့သည်။ သတင်းရင်းမြစ် - Reuters နိုင်ငံရေး အမေရိကန် တရားလွှတ်တော်ချုပ်က အိမ်ဖြူတော် Ballroom ဆောက်လုပ်ရေးကို ယာယီခွင့်ပြု တရားဥပဒေဆိုင်ရာ အငြင်းပွားမှုများ ဆက်လက်ဖြစ်ပွားနေစဉ်အတွင်း ထရန့်အစိုးရအဖွဲ့၏ အိမ်ဖြူတော် Ballroom ထည်ဆောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် တရားလွှတ်တော်ချုပ်က ခွင့်ပြုပေးခဲ့သည်။ သတင်းရင်းမြစ် - Reuters ကျန်းမာရေး ကွန်ဂိုနိုင်ငံ၏ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် သေဆုံးသူ ၂,၅၀၀ ကျော်လွန်သွားပြီဟု ကုလသမဂ္ဂသတိပေး ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် လူပေါင်း ၂,၅၀၀ ထက်မက သေဆုံးခဲ့ပြီး ရောဂါမှာ အလျင်အမြန် ကူးစက်နေကြောင်း ကုလသမဂ္ဂက သတိပေးပြောကြားခဲ့သည်။ သတင်းရင်းမြစ် - Reuters သိပ္ပံနှင့် နည်းပညာ ဂြိုဟ်တုများတိုးပွားလာမှုသည် အာကာသဆိုင်ရာ လေ့လာစောင့်ကြည့်မှုများကို ပြင်းထန်စွာ အနှောင့်အယှက် ဖြစ်စေနိုင် နောက်ထပ် ဂြိုဟ်တုပေါင်း ၁ ဒသမ ၇ သန်းကျော် ထပ်မံလွှတ်တင်ရန် အဆိုပြုချက်များသည် ညဘက်ကောင်းကင်ယံ ကို မြေပြင်မှ လေ့လာစောင့်ကြည့်မှုများကို သိသိသာသာ လျော့ကျသွားစေနိုင်ကြောင်း European Southern Observatory ၏ လေ့လာမှုတစ်ရပ်က သတိပေးထားသည်။ သတင်းရင်းမြစ် - Reuters အားကစား ဒူးဒဏ်ရာကြောင့် ကမ္ဘာ့အဆင့် (၁) Jannik Sinner US Open ပြိုင်ပွဲမှ နုတ်ထွက် ကမ္ဘာ့အဆင့်(၁)တင်းနစ်အားကစားသမား Jannik Sinner သည် ညာဘက်ဒူးဒဏ်ရာ ဆက်လက်ခံစားနေရသဖြင့် US Open ပြိုင်ပွဲမှ နုတ်ထွက်သွားခဲ့သည်။ Jack Draper နှင့် Holger Rune တို့သည်လည်း အဆိုပါပြိုင်ပွဲကို လွှဲချော်မည်ဖြစ်သည်။ သတင်းရင်းမြစ် - Reuters ဖျော်ဖြေရေးနှင့် အနုပညာရှင်သတင်း Meghan သည် Netflix ဇာတ်လမ်းတွဲ၌ သရုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိကြောင်း သတင်းထွက်ပေါ် Sussex မြို့စားကတော် Meghan သည် Netflix ဇာတ်လမ်းတွဲ "The Gentlemen” တွင် ပါဝင်သရုပ်ဆောင်ရန် ဆွေးနွေးလျက်ရှိပြီး ယင်းသည် ၎င်း၏သရုပ်ဆောင်လောကသို့ ပြန်လည်ဝင်ရောက်မှု ဖြစ်လာနိုင်ဖွယ်ရှိသည်။ သတင်းရင်းမြစ် - Reuters ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် အယ်လ်နီညို(El Nino) ရာသီဥတုသည် စံချိန်တင် အပြင်းထန်ဆုံးဖြစ်လာနိုင်ကြောင်း ခန့်မှန်းသူများ သတိပေး ၂၀၂၆ ခုနှစ်တွင် ဖြစ်ပေါ်လာမည့် အယ်လ်နီညိုသည် အချိန်တင်အပြင်းထန်ဆုံး ဖြစ်လာနိုင်ပြီး ပစိဖိတ်သမုဒ္ဒရာ ရေပြင်အပူချိန် အလွန်အမင်း မြင့်တက်လာကာ ကမ္ဘာတလွှား ပြင်းထန်သော ရာသီဥတုဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ဗြိတိန်မိုးလေဝသဌာနက ခန့်မှန်းထားသည်။ သတင်းရင်းမြစ် - Reuters ခရီးသွားလာရေး IndiGo လေကြောင်းလိုင်း၏ လက်မှတ်ဘွတ်ကင်စနစ် ဒီသီတင်းပတ်အတွင်း ဒုတိယအကြိမ် အနှောင့်အယှက် ဖြစ်ပွား အိန္ဒိယ၏ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သော IndiGo သည် စနစ်အနှောင့်အယှက် ဖြစ်ပေါ်ခဲ့သဖြင့် အွန်လိုင်းမှ လက်မှတ်ဘွတ်ကင်လုပ်ဆောင်မှုများ ခေတ္တရပ်ဆိုင်းခဲ့ရပြီး နောက်ပိုင်းတွင် စနစ်အား ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။ သတင်းရင်းမြစ် - Reuters လူနေမှုဘဝနှင့် ကျန်းမာရေး သားဆက်ခြား/မျိုးအောင် စောင့်ရှောက်မှုကုန်ကျစရိတ် မြင့်မားမှုသည် အဓိကအဟန့်အတားအဖြစ် ဆက်လက်ရှိနေ ဆဲဟု စေတနာ့ဝန်ထမ်း စာရင်းဇယားများဖော်ပြ အမေရိကန်၌ ပြုလုပ်ခဲ့သည့် စာရင်းဇယားအသစ်များအရ သားဆက်ခြားနှင့် မျိုးအောင်စောင့်ရှောက်မှု ခံယူလိုသူများ အတွက် ကုန်ကျစရိတ်မြင့်မားမှုသည် အဓိကစိန်ခေါ်မှုကြီးတစ်ခုအဖြစ် ဆက်လက်ရှိနေဆဲဖြစ်သည်။ သတင်းရင်းမြစ် - Reuters ပညာရေး ဥပဒေကျောင်းများ အသိအမှတ်ပြုရေး အခန်းကဏ္ဍမှ ABA ကိုဖယ်ရှားရန် အမေရိကန်ဆောင်ရွက် အမေရိကန် ပညာရေးဌာနသည် ဥပဒေကျောင်းများအား အသိအမှတ်ပြုပေးသည့် American Bar Association(ABA) ၏ ရေရှည်အခန်းကဏ္ဍကို ပယ်ဖျက်ရန်လုပ်ဆောင်ခဲ့ရာ အဆင့်မြင့်ပညာရေးဆိုင်ရာ အငြင်းပွားမှုများကို ပိုမိုမြင့်တက် စေခဲ့သည်။ သတင်းရင်းမြစ် - Reuters ပြစ်မှုနှင့် တရားဥပဒေ ဆွီဒင်ကျောင်း၌ ဓားဖြင့် တိုက်ခိုက်မှုကြောင့် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိ ဆွီဒင်နိုင်ငံ Fagersta မြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကျောင်းသား ၁ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ သတင်းရင်းမြစ် - Reuters မော်တော်ယာဉ် တက်စလာ အပါအဝင် မော်တော်ယာဉ်ထုတ်လုပ်သူ ၉ ဦးက တရုတ်နိုင်ငံ၌ ယာဉ်အစီးရေ ၄ ဒသမ ၃ သန်းနီးပါး ပြန်လည်သိမ်းဆည်း တက်စလာ(Tela)နှင့် အခြားမော်တော်ယာဉ်ထုတ်လုပ်သူ ၈ ဦးတို့သည် ဆော့ဖ်ဝဲလ်ပြင်ဆင်မှုများနှင့် အခြားသော ပြဿနာများကြောင့် တရုတ်နိုင်ငံအတွင်းရှိ မော်တော်ယာဉ်ပေါင်း ၄ ဒသမ ၃ သန်းခန့်ကို ပြန်လည်သိမ်းဆည်း (Recall)ကြောင်း ကြေညာခဲ့ကြသည်။ ယင်းသည် စံချိန်တင်ပမာဏအထိ သိမ်းဆည်းမှုဖြစ်ကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။ သတင်းရင်းမြစ် - Reuters