“ONE Friday Fights 167 မှာ ထိုင်းဖိုက်တာ ကိုမာဝတ်နဲ့ မြန်မာဖိုက်တာ ကျော်စွာဝင်းတို့ ယနေ့ထိုးသတ်မည်”
21 Aug
မြန်မာဖိုက်တာ ကျော်စွာဝင်း က ထိုင်းဖိုက်တာ ကိုမာဝတ် နဲ့ ONE Friday Fights 167 မှာ ဒုတိယခေါင်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာဖိုက်တာ စောမင်းမင်း က ထိုင်းဖိုက်တာ ယော့ဖူးပ နဲ့ ယှဉ်ပြိုင်ထိုးသတ် ရမှာ ဖြစ်ပါတယ်။ ONE Friday Fights 167 ပြိုင်ပွဲကို သြဂုတ်လ ၂၁ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပြိုင်ပွဲကို နှစ်ပိုင်းခွဲကျင်းပမှာဖြစ်ပြီး ပထမပိုင်းဖြစ်တဲ့ The Inner Circle တွင် တွဲဆိုင်း ၅ ဆိုင်း၊ ဒုတိယပိုင်းတွင် တွဲဆိုင်း ၉ ဆိုင်း၊ စုစုပေါင်း တွဲဆိုင်း ၁၄ ဆိုင်း ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။ (NVS 008)
21 Aug