“အင်တာမီလန်အသင်းနဲ့ ကာတစ်ဂျုံးစ် ဆေးစစ်မှုပြုလုပ်”

21 Aug

စီးရီးအေကလပ် အင်တာမီလန်အသင်းအနေနဲ့ လီဗာပူးလ်ကွင်းလယ်လူ ကာတစ်ဂျုံးစ် ကိုခေါ်ယူရန် သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဆေးစစ်ဖွယ်ရှိကြောင်း သိရပါတယ်။ အင်တာမီလန်အသင်းဟာ ကွင်းလယ်ပိုင်းအားဖြည့်ရန်အတွက် ကာတစ်ဂျုံးစ် ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ အပိုဆုကြေး ၅ သန်းအသုံးပြုခဲ့ရတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းအနေနဲ့ ကာတစ်ဂျုံးစ် ကို ပြန်လည်ရောင်းချခဲ့ပါက လီဗာပူးလ်အသင်းကို ၁၀ ရာခိုင်နှုန်းပေးချေရမယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ လီဗာပူးလ်အကယ်ဒမီထွက် ကစားသမားဖြစ်တဲ့ ကာတစ်ဂျုံးစ် ဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁၅၃ ပွဲကစားပြီး သွင်းဂိုး ၁၁ ဂိုးသွင်းယူခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ စပါးနောက်ခံလူ စပန့် ကိုလည်း ခေါ်ယူထားပြီး အခုအပြောင်းအရွှေ့မှာ ကာတစ်ဂျုံးစ် အနေနဲ့ အင်တာမီလန်ကိုပြောင်းရွှေ့ခွင့်ရတဲ့ ဒုတိယမြောက် ပရီးမီးယားလိဂ် ကစားသမားဖြစ်လာခဲ့ပါတယ်။ (NVS 008)

21 Aug

ADVERTISE HERE .