“ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လို ကို ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့တဲ့ ဘာစီလိုနာအသင်း”

21 Aug

စပိန်ထိပ်သီး ဘာစီလိုနာအသင်းဟာ ပေါ်တူဂီနောက်ခံလူ ကန်ဆယ်လို ကို ခေါ်ယူခဲ့ကြောင်း အတည်ပြုခဲ့ ပါတယ်။ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့လမ်းခွဲခဲ့တဲ့ ကန်ဆယ်လို ကို ဘာစီလိုနာအသင်းအနေနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကန်ဆယ်လို ဟာ ဘာစီလိုနာအသင်းမှာ ၂၀၂၃-၂၄ ရာသီနဲ့ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီတွေမှာ အငှားကစားခဲ့ဖူးပြီး အခုချိန်မှာတော့ ကက်တလန်ကလပ်နဲ့ အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ကစားဖူးခဲ့တဲ့ ကန်ဆယ်လိုဟာ ဆုဖလားအောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကန်ဆယ်လို ရဲ့ အခုအပြောင်းအရွှေ့ဟာ ဘာစီလိုနာအသင်းမှ ယခုနှစ်ခေါ်ယူခဲ့တဲ့ ၅ ဦးမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ (NVS 008)

21 Aug

ADVERTISE HERE .