" ရိုမဲရိုး ကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူလိုက်တဲ့ အက်သလက်တီကိုအသင်း”
21 Aug
စပိန်ကလပ် အက်သလက်တီကိုအသင်းက စပါးအသင်းရဲ့ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုး ကို ခေါ်ယူခဲ့ ကြောင်း ကြေညာခဲ့ပါတယ်။ အက်သလက်တီကိုအသင်းဟာ ရိုမဲရိုး အတွက် စပါးအသင်းကို ယူရိုသန်း ၄၀ ပေးချေခဲ့ရပြီး ၅ နှစ် စာချုပ်ချုပ် ဆိုခဲ့ပါတယ်။ ရိုမဲရိုး အနေနဲ့ အက်သလက်တီကိုအသင်းမှာ ကျောနံပါတ် ၂၁ ကိုဝတ်ဆင်သွားမှာဖြစ်ပြီး ဆုဖလားတွေ အတွက် အကောင်းဆုံးတိုက်ပွဲဝင်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ရိုမဲရိုး ဟာ စပါးအသင်းအတွက် ၁၇ နှစ်အတွင်း ပထမဆုံးမေဂျာဖလားအဖြစ် ၂၀၂၅ ခုနှစ်မှာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် စပါးနည်းပြသစ် ဒီဇယ်ဘီ နဲ့ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် ရိုမဲရိုး အနေနဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)
21 Aug