“ ဘာမင်တက် အတွက် လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကိုပယ်ချလိုက်တဲ့ ဘရိုက်တန်အသင်း”
21 Aug
လီဗာပူးလ်အသင်းဟာ တောင်ပံကစားသမား ယန်ကူဘာမင်တက် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အဆိုပါကမ်းလှမ်းမှုကို ဘရိုက်တန်အသင်း က ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။ လီဗာပူးလ်အသင်းက ဆာလာ ရဲ့နေရာအစားထိုးဖို့ တိုက်စစ်ကစားသမားသစ် ရှာဖွေနေရာမှာ ဘာမင်တက် က ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တာကြောင့် ဈေးကွက်ပိတ်ဖို့ နီးကပ်လာချိန်မှာ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းက ဘာမင်တက် ရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်ထားခြင်းမရှိပေမယ့် ယခုထက်ပိုမို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရရှိလိုတာကြောင့် လီဗာပူးလ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဘရိုက်တန်အသင်းက ဘာမင်တက် ကို ၂၀၂၄ နွေရာသီမှာ နယူးကာဆယ်ကနေ ပေါင်သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုထားပါတယ်။ ဘာမင်တက် က ပြီးခဲ့တဲ့နှစ်ရာသီမှာ ဘရိုက်တန်အသင်း အတွက် ပရီးမီးယားလိဂ် ၆၆ ပွဲကစားပြီး ၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)