“မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းနှင့် သစ်မာ အမျိုးအစားပေါင်းများစွာကို အိတ်ဖွင့်တင်ဒါဖြင့် ရောင်းချမည်”

21 Aug

မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပရောင်းဝယ်ရေးနှင့်သစ်စက်ဌာနမှ ကျွန်းနှင့်သစ်မာ(သစ်လုံး/ခွဲသား)များကို လာမယ့် စက်တင်ဘာလ ၃ ရက်မှာ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။ ရောင်းချပေးသွားမယ့် သစ်အမျိုးအစားများနှင့် ပမာဏများမှာ ကျွန်းသစ်လုံး(ရန်ကုန်)တန် ၃၀၀ ခန့်၊ ကျွန်းသစ်လုံး(နယ်)တန် ၃၈၀ ခန့်၊ ပျဉ်းကတိုးသစ်လုံးတန် ၂၅၀ ခန့်၊ အင်သစ်လုံးတန် ၃၀၀ ခန့်၊ ထောက်ကြန့်သစ်လုံး တန် ၂၀၀ ခန့်၊ (နယ်)သစ်မာအုပ်စု(၂)အခြားသစ်လုံး တန် ၁,၃၄၀ ခန့်၊ ကျွန်းခွဲသားတန် ၇၀ ခန့်၊ သစ်အခြေခံ စက်မှုလုပ်ငန်းဌာနမှ ကျွန်းခွဲသားတန် ၂၀၀ ခန့်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါတင်ဒါရောင်းချမှုကို စက်တင်ဘာလ ၉ ရက်၊ နံနက် ၉ နာရီမှာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)တော်ဝင်ခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ယခုတင်ဒါမှာ MSME ကုန်ထုတ်လုပ်ငန်းရှင်များအနေနဲ့ မိမိတို့လိုအပ်သော ကုန်ကြမ်းများကို ဝင်ရောက်ယှဉ်ပြိုင်ဝယ်ယူနိုင်ကြောင်း သိရပါတယ်။ အသေးစိတ်အချက်အလက်များကို မြန်မာ့သစ်လုပ်ငန်း ရုံးချုပ် သို့မဟုတ် တရားဝင် ဝဘ်ဆိုက်ဖြစ်သော www.mte.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း ၀၁-၂၈၇၄၃၀၊ ၀၁-၅၂၈၇၇၁ နှင့် ၀၁-၅၂၈၇၆၄ တို့သို့လည်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း ဖော်ပြထားပါတယ်။ (NVS 008)

21 Aug

ADVERTISE HERE .