“တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးအောင်မြင်စွာပြီးစီး”

21 Aug

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး သြဂုတ်လ ၂၀ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကာ အစည်းအဝေးကာလအတွင်း ဥပဒေတစ်ခု ပြင်ဆင်ပြဋ္ဌာန်းခြင်း၊ အဆိုတစ်ခုဆွေးနွေး အတည်ပြု ခြင်းနှင့် ကြယ်ပွင့်ပြမေးခွန်း ၈၈ ခုတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးနောက်ဆုံးနေ့ဖြစ်သော(ဆဋ္ဌမနေ့)မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ကြယ်ပွင့် ပြမေးခွန်း ၁၈ ခုကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရပါတယ်။ အဲဒီနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေးဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများကို လွှတ်တော်သို့ ရှင်းလင်းတင်ပြ ခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ရပ်နားကြောင်းနှင့် တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးမြောက်ကြောင်းကြေညာခဲ့ပါတယ်။ (NVS 008)

21 Aug

ADVERTISE HERE .