“မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်သမ္မတ တို့ အလွတ်သဘောတွေ့ဆုံ”
21 Aug
ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဘယ်လာရုစ်သမ္မတ H.E. Mr. Aleksander Lukashenko တို့ဟာ ဩဂုတ်လ ၂၀ ရက်ညပိုင်းမှာ မင့်စ်မြို့၌ အလွတ်သဘောတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံစဉ်နှစ်နိုင်ငံခေါင်းဆောင်များက မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံ အကျိုး ဖြစ်ထွန်းစေမယ့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်များက ဩဂုတ်လ ၂၁ ရက်တွင် မင့်စ်မြို့ရှိ လွတ်လပ်ရေးနန်းတော် (Palace of Independence)မှာ တရားဝင်အစီအစဉ်များ ဆက်လက်ပြုလုပ်ကာ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များအကြား တရားဝင်ဆွေးနွေးပွဲများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ (NVS 008)