“မြဝတီမြို့ယာယီရေဘေးကယ်ဆယ်ရေးစခန်းမှာ ရေဘေးရှောင်လူဦးရေ ၅၀၀ ကျော်ရှိနေ”

21 Aug

သောင်ရင်းမြစ်ရေသည် ကရင်ပြည်နယ်၊ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိလာသဖြင့် သြဂုတ်လ ၂၀ ရက်ညပိုင်းမှစတင်ကာ မြဝတီမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရပါတယ်။ အခုလိုရေဝင်ရောက်မှုများကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌နေထိုင်သူ ၅၀၀ ဦးကျော်ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ညတွင်းချင်း ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ သောင်ရင်းမြစ်ရေမြင့်တက်၍ ရေဝင် ရောက်နေတဲ့ နေအိမ် ၁,၀၀၀ ကျော်ရှိနေပြီး ကရင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးနှင့် တာဝန်ရှိ သူများက လိုအပ်သည်များကိုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

21 Aug

ADVERTISE HERE .