“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက်လေ့လာ”

21 Aug

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ဩဂုတ်လ ၂၀ ရက် မွန်းတည့် ၁၂ နာရီတွင် မင့်စ်မြို့မှ Grodno မြို့သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရပါတယ်။ စက်ရုံ၌ တာဝန်ရှိသူများက Grodno Azot စက်ရုံ၏ သမိုင်းကြောင်းနှင့် လုပ်ငန်းလည်ပတ်မှု၊ ဓာတ်မြေဩဇာ များ နှစ်အလိုက်ထုတ်လုပ်နိုင်မှု၊ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု၊ ဓာတ်မြေဩဇာများအပြင် နိုင်လွန်ကြိုးနှင့် အခြားဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ဖြန့်ချိနေမှု၊ ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ပို့ချပေးနိုင်မှု၊ ဘယ်လာရုစ် နိုင်ငံ၏ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ ထုတ်လုပ်ပံ့ပိုးပေးနေမှုနှင့် မြန်မာနိုင်ငံသို့ ဓာတ်မြေဩဇာတင်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။ ထို့နောက်ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

21 Aug

ADVERTISE HERE .