“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ဂါရဝပြုတွေ့ဆုံ”

21 Aug

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Alexander Turchin က ဩဂုတ်လ ၂၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မင့်စ်မြို့၊ President ဟိုတယ်၌ ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံစဉ် ဘယ်လာရုစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အနေနဲ့ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့မှုအပါ် ဘယ်လာရုစ်နိုင်ငံမှ လှိုက်လှဲနွေးထွေးစွာ ဖြင့် ကြိုဆိုကြောင်း၊ သမ္မတနှစ်ဦးအကြား ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးကြပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှု များကို ပိုမိုတိုးတက်ခိုင်မာအောင် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)ကိုလည်း ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်စေရေး အတွက် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတ က မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘယ်လာရုစ် နိုင်ငံမှ လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုသည့်အတွက် ဝမ်းမြောက်ကျေးဇူးတင်ရှိကြောင်း၊ ဘယ်လာရုစ်နိုင်ငံသို့ ယခု လာရောက်သည့်ခရီးစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍပေါင်းစုံတွင် အောင်မြင်စွာ ဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှ တွင် ဘယ်လာရုစ်နိုင်ငံ၏ မိတ်ဆွေရင်းနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်တို့က နှစ်နိုင်ငံအကြား စိုက်ပျိုး/မွေးမြူရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

21 Aug

ADVERTISE HERE .