“ကိုလံဘီယာနိုင်ငံတွင် ပြင်းထန်ငလျင်ကြောင့် သေဆုံးသူဦးရေ ၃၁၂ ဦးအထိ မြင့်တက်လာ”
20 Aug
ကိုလံဘီယာနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာနက ဒေသစံတော်ချိန် သြဂုတ်လ ၁၈ ရက် ညပိုင်းတွင်ထုတ်ပြန်သည့် နောက်ဆုံးရအချက်အလက်များအရ ဒေသစံတော်ချိန် ယင်းနေ့ ည ၇ နာရီအထိ နိုင်ငံ အနောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူ ၃၁၂ ဦးသေဆုံးကာ ၄,၆၁၁ ဦး ဒဏ်ရာရရှိပြီး ၂၉၀ ဦး ပျောက်ဆုံးနေကြောင်း၊ အခြားသူ ၃၅၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ကိုလံဘီယာနိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၁၅ ခုနှင့် မြို့နယ် ၄၇၀ မှာ ငလျင်ဘေးဒဏ်ကို ခံစားခဲ့ရပြီး ဘေးဒဏ် သင့်သူ ဦးရေ ၂၉၄,၀၀၀ အထိရှိကြောင်း အချက်အလက်များအရ သိရသည်။ ကိုလံဘီယာ ဘူမိဗေဒဌာန၏ ထုတ်ပြန်ချက်အရ ကိုလံဘီယာနိုင်ငံအနောက်ပိုင်းတွင် ဒေသစံတော်ချိန် ဩဂုတ်လ ၁၀ ရက်က ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ငလျင်ဗဟိုချက်မှာ Choc ပြည်နယ် San Jos del Palmar မြို့မှ ကီလိုမီတာ ၂၀ ခန့်အကွာတွင်ရှိပြီး ငလျင်အနက်မှာ ၉၆ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)