“ယခုနှစ်ဆောင်းဦးရာသီတွင် ကင်ဂျုံအန်း နှင့်တွေ့ဆုံရန် ထရမ့် ကြိုးပမ်းနေဟု အမေရိကန်မီဒီယာများဆို”
20 Aug
အမေရိကန်သမ္မတ ထရမ့် သည် ယခုနှစ်ဆောင်းဦးရာသီ အစောပိုင်းတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် ၎င်း၏လက်ထောက်များကို တွန်းအားပေး လျက်ရှိကြောင်း အမေရိကန် Wall Street Journal သတင်းစာ၏ ဩဂုတ်လ ၁၈ ရက် သတင်းများအရ သိရသည်။ ထရမ့် သည် နောက်တစ်ကြိမ်အာရှခရီးစဉ်အတွင်း ကင်ဂျုံအန်း နှင့် လူချင်းတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် သီးသန့်ဆွေးနွေးခဲ့ဖူးပြီး အချိန်ကို နိုဝင်ဘာလတွင် သတ်မှတ်ဖွယ်ရှိကြောင်း အမေရိကန်အရာရှိများ၏ ပြောကြား ချက်ကိုကိုးကား၍ သတင်းဖော်ပြထားသည်။ ထို့အပြင် လက်ရှိတွင် ပြင်ဆင်ရေးလုပ်ငန်းများကို တရားဝင်စတင်ဆောင်ရွက်ခြင်း မရှိသေးကြောင်း သတင်း၌ ဆက်လက်ဖော်ပြထားသည်။ ထရမ့် သည် ၎င်းနှင့် ကင်ဂျုံအန်းတို့အကြား အလွန်ကောင်းမွန်သောဆက်ဆံရေးရှိသည်ကို ထည့်သွင်း စဉ်းစား၍ အမေရိကန်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ရန် လွန်ခဲ့သော အချိန်အတော်ကြာ ကတည်းက သဘောတူခဲ့ခြင်းအပေါ် မကျေနပ်ကြောင်းနှင့် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပမာဏကို အကြီးအကျယ်လျှော့ချရန် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအား တောင်းဆိုထားပြီးဖြစ်ကြောင်း ဩဂုတ်လ ၁၆ ရက်တွင် လူမှုကွန်ရက်၌ ပို့စ်ရေးသားဖော်ပြခဲ့သည်။ ထရမ့် က ၎င်းကမ်းလှမ်းခဲ့သော ဆွေးနွေးပွဲ တောင်းဆိုမှုကို ကင်ဂျုံအန်း က အကြောင်းပြန်ခဲ့ပြီးဖြစ်ကြောင်း ဩဂုတ်လ ၁၇ ရက်တွင် အိမ်ဖြူတော်၌ သတင်း မီဒီယာများကို ပြောကြားခဲ့သော်လည်း အကြောင်းပြန်ချက်၌ ပါဝင်သောအကြောင်းအရာကိုမူ ထုတ်ဖော်ပြောကြား ခဲ့ခြင်းမရှိပေ။ (Repost from Xinhua Myanmar)