“ဂျော်အိုပတ်ဒရို ကို လစာနှုန်းထားအသစ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ချဲလ်ဆီးအသင်း”

20 Aug

ချဲလ်ဆီးအသင်းက ဘရာဇီးလ်တိုက်စစ်မှူး ဂျော်အိုပတ်ဒရို ကို လစာနှုန်းထားအသစ်နဲ့ စာချုပ်သစ် ချုပ်ဆို လိုက်ကြောင်း သိရပါတယ်။ ဂျော်အိုပတ်ဒရို က ပြီးခဲ့တဲ့နှစ်နွေရာသီကမှ ဘရိုက်တန်အသင်းကနေ ချဲလ်ဆီးအသင်းကို ပေါင်သန်း ၆၀ နဲ့ ရောက်ရှိခဲ့ပြီး ၂၀၃၃ ခုနှစ်အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားပြီး ဂိုး ၂၀ သွင်းယူပေးခဲ့ပါတယ်။ ဂျော်အိုပတ်ဒရို က ချဲလ်ဆီးအသင်းမှာ တစ်ပတ်လစာ ပေါင် ၁၃၅,၀၀၀ သာ ရရှိနေသူဖြစ်ပြီး ပြိုင်ဘက်အသင်းတချို့က ခေါ်ယူဖို့ စိတ်ဝင်စားလာတာကြောင့် ချဲလ်ဆီး အသင်းက လစာတိုးပေးပြီး စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ စာချုပ်သစ်က မူလစာချုပ်ထက် တစ်နှစ်လျော့ကျသွားခဲ့ပေမယ့် သက်တမ်းထပ်တိုးနိုင်မယ့် သဘောတူညီမှု ပါဝင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဂျော်အိုပတ်ဒရို ရရှိမယ့် လစာနှုန်းထားအသစ်က တစ်ပတ်ပေါင် ၂၀၀,၀၀၀ ဝန်းကျင် ဖြစ်ဖွယ်ရှိကြောင်း သိရပါတယ်။ (NVS 008)

20 Aug

ADVERTISE HERE .