“စစ်ကိုင်းမြို့ရှိ ရေဘေးသင့်အိမ်ထောင်စု ၁၉၅ စုကို ကြက်ခြေနီအသင်းက အသုံးအဆောင်ပစ္စည်းများထောက်ပံ့”

20 Aug

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် ယာယီရေဘေးရှောင်စခန်းများမှာ ခိုလှုံနေကြတဲ့ ရေဘေးသင့်အိမ်ထောင်စုများအတွက် လတ်တလောလိုအပ်သော အသုံးအဆောင်ပစ္စည်းများကို မြန်မာ နိုင်ငံကြက်ခြေနီအသင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါထောက်ပံ့မှုကို ထုံးဘို၊ ရွာထောင်၊ တကောင်း၊ သောတာပန်၊ နန္ဒဝန်၊ စိန်ကုန်းနှင့် ပန်းဘဲတန်း ရပ်ကွက် တို့ရှိ ယာယီရေဘေးရှောင်စခန်းများမှာ ရောက်ရှိနေတဲ့ ရေဘေးသင့်အိမ်ထောင်စု ၁၉၅ စုထံ သွားရောက်ပေးအပ် ခဲ့ခြင်း ဖြစ်ပါတယ်။ ထောက်ပံ့ရာမှာ တာပေါ်လင် ၁၉၅ ချပ်၊ မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၁၉၅ စုံနှင့် ယာယီ ရွက်ဖျင်တဲ ၂ လုံးတို့ကို ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုဖြင့် ရေဘေးတုံ့ပြန်ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပြီး ယခုထောက်ပံ့မှုမှာ ကြက်ခြေနီဝန်ထမ်းများနှင့် ဒေသခံ စေတနာလုပ်အားရှင်များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

20 Aug

ADVERTISE HERE .