“ဒလမြို့နယ်ရှိ ကမာကဆစ်ဈေးကို အဆင့်မြှင့်တင်ရန် စီစဉ်နေ”
20 Aug
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် ကမာကဆစ်ဈေးရှိ အသားငါးရောင်းချတဲ့ ရုံများနှင့် ပျံကျဈေးဆိုင်များကို အဆင့်မြင့်ဈေးရုံများအဖြစ် ပြောင်းလဲတည်ဆောက်ရန်စိစစ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။ ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းက မြို့တော်ဝန် ဦးမျိုးမြင့်အောင် နှင့် စည်ပင်တာဝန်ရှိသူများက ဒလမြို့နယ် အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုခဲ့ကြခြင်း ဖြစ်ပါတယ်။ အခုလိုကြည့်ရှုစစ်ဆေးရာမှာ ကမာကဆစ်ဈေး အဆင့်မြှင့်တင်မည့် စီမံကိန်းအပြင် ကမာကဆစ်ရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ အလယ်ကျောင်း ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ပြုပြင်ပြီးစီးမှုကိုပါ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဈေးအဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ လေဝင်လေထွက်နှင့် အလင်းရောင်ရရှိရေးအတွက် စနစ်တကျ ဒီဇိုင်းရေးဆွဲ ရန်နှင့် ဈေးကော်မတီ သီးသန့်ဖွဲ့စည်းဆောင်ရွက်သွားရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ (NVS 008)