“သာစည်နှင့် ပျော်ဘွယ်မြို့တို့မှာ ရထားလမ်းခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန်လျာထား”

20 Aug

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာစည်မြို့နှင့် ပျော်ဘွယ်မြို့တို့မှာ လမ်းပန်းဆက်သွယ်ရေး ချောမွေ့စေရန် အတွက် ရထားလမ်းခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။ ၎င်းစီမံကိန်းများအနက် သာစည်မြို့ရထားလမ်းခုံးကျော်တံတားကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ မိတ္ထီလာ – တောင်ကြီး – ကျိုင်းတုံ – တာချီလိတ် ပြည်ထောင်စုလမ်းမကြီး(AH2) မိုင်တိုင်အမှတ်(၁၃/၀-၁)ကြားမှာ ဆောက် လုပ်ရန်လျာထားခြင်းဖြစ်ပါတယ်။ အဆိုပါနေရာက ရန်ကုန်– မန္တလေးရထားလမ်းပိုင်း၏ သာစည်ဘူတာမရောက်မီ ပေ ၁,၃၀၀ အကွာ၊ ကားလမ်းနှင့် ရထားလမ်းဆုံသည့်နေရာမှာ တည်ရှိပါတယ်။ ဒါ့အပြင်ပျော်ဘွယ်ရထားလမ်းခုံး ကျော်တံတားကိုမူ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့လယ်ရှိ ရန်ကုန်–တောင်ငူ–မန္တလေး ပြည်ထောင်စုလမ်းမကြီး (AH1) မိုင်တိုင်အမှတ်(၂၈၅/၇-၂၈၆/၀)အကြားတွင် တည်ဆောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

20 Aug

ADVERTISE HERE .