“ရုရှားတက္ကသိုလ်မှပေးအပ်တဲ့ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့က မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကိုပါ ဂုဏ်ပြုခြင်းဖြစ်ကြောင်း သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား”
20 Aug
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား Plekhanov Russian University of Economics မှာ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ အပ်နှင်းခဲ့ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Plekhanov Russian University of Economics (PRUE) က စီးပွားရေးပညာ ရပ်ဆိုင်ရာ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၉၀၇ ခုနှစ်မှစတင်တည်ထောင်ခဲ့ရာ နှစ်ပေါင်း ၁၂၀ နီးပါး ရှိတဲ့ ရုရှားနိုင်ငံ၏ သမိုင်းဝင်ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ အဆိုပါတက္ကသိုလ်မှာစီးပွားရေးပညာ(Economics)၊စီမံခန့်ခွဲမှု(Management)၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း (Finance and Banking)အပါအဝင် စီးပွားရေးနှင့်ဆက်စပ်တဲ့ပညာရပ်များကို အဓိကထားသင်ကြား ပေးလျက်ရှိပြီး ခေတ်မီစီးပွားရေးစနစ်အတွက် လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်နှင့် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးလျက် ရှိပါတယ်။ နိုင်ငံတော်သမ္မတမှ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရယူပြီးနောက် ကျေးဇူးတင်စကား ပြောကြားခဲ့ရာ ယင်းဂုဏ်ပြုမှုက မိမိတစ်ဦးတည်းကိုသာမက မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကိုပါ ဂုဏ်ပြုခြင်း ဖြစ်ကြောင်းနှင့် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပညာရေး၊ သုတေသနနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်း ဆော င်ရွက်မှုများ ပိုမိုခိုင်မာလာစေမည့် အားသစ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)