“မြန်မာ-ရုရှား နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး”

20 Aug

မြန်မာ-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးခြင်းကို ဩဂုတ်လ ၁၈ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ နားလည်မှုချွန်လွှာ ၁၂ ခုအား နှစ်နိုင်ငံကဏ္ဍအလိုက် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါတယ်။ ၎င်းနားလည်မှုချွန်လွှာများမှာ နှစ်နိုင်ငံအကြား တစ်ဖက်သက်အကျပ်ကိုင် ဆောင်ရွက်မှုများ၏ ဆိုးရွားသော သက်ရောက်မှုများကို တုံ့ပြန်ဖြေရှင်းရန် နည်းလမ်းများနှင့်ပတ်သက်သည့် ကြေညာချက်၊ လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ရေဒီယို အီလက်ထရောနစ်လုပ်ငန်းနှင့် ဒီဂျစ်တယ်နည်းပညာ နယ်ပယ်ပူးပေါင်း ဆောင်ရွက်ရေး၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်းတို့အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး၊ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ်နှင့် ကမ္ဘာ့အနီးအာကာသအတွင်း အန္တရာယ်ရှိသောအခြေအနေများ အတွက် အလိုအလျောက်သတိပေးစနစ် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာအာကာသအေဂျင်စီနှင့် Plekhanov Russian University Of Economics တို့အကြား နားလည်မှုစာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီနှင့် Bauman Moscow Technical University တို့အကြား နားလည်မှုစာချွန်လွှာ စသည်တို့ကို နှစ်နိုင်ငံ သမ္မတများရှေ့၌ နှစ်ဖက်သက်ဆိုင်ရာတာဝန်ရှိသူများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြောင်း သိရပါတယ်။

20 Aug

ADVERTISE HERE .