“၂၀၂၆ အမျိုးသမီးအာဖရိကဖလားပြိုင်ပွဲတွင် ကင်မရွန်းအသင်း ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားဆွတ်ခူး”

19 Aug

မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၂၆ အမျိုးသမီး အာဖရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် ကင်မရွန်းအသင်းနှင့် မာလာဝီအသင်း တို့ကစားခဲ့ရာ ကင်မရွန်းအသင်းက သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရပြီး ပထမဆုံးအကြိမ် ချန်ပီယံဆုဖလားကို ဆွတ်ခူးခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ၂၀၂၆ အမျိုးသမီး အာဖရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ကင်မရွန်းအသင်းက အိမ်ရှင်မော်ရိုကို အသင်းကို ပင်နယ်တီအဆုံးအဖြတ်တွင် သုံးဂိုး၊ တစ်ဂိုးဖြင့်အနိုင်ရခဲ့ပြီး မာလာဝီအသင်းက အယ်လ်ဂျီးရီးယား အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၆ အမျိုးသမီး အာဖရိကဖလားပြိုင်ပွဲအပြီး ချန်ပီယံဆုဆွတ်ခူးခဲ့သည့် ကင်မရွန်းအသင်း၊ ဒုတိယဆု ရရှိခဲ့သည့် မာလာဝီအသင်း၊ ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ခဲ့သည့် မော်ရိုကိုအသင်း၊ အယ်လ်ဂျီးရီးယားအသင်း အသင်းတို့က လာမည့် ၂၀၂၇ ခုနှစ်တွင် ဘရာဇီးနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။(NVS 008)

19 Aug

ADVERTISE HERE .