“ကွန်မြူနတီဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ၁၉၆၈ ခုနှစ်နောက်ပိုင်း အမြန်ဆုံးဂိုးသွင်းနိုင်သူအဖြစ် ကာလာ ဖီအိုရီ မှတ်တမ်းဝင်”
19 Aug
အာဆင်နယ်အသင်း နောက်ခံကစားသမား ကာလာဖီအိုရီ က ကွန်မြူနတီဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ၁၉၆၈ ခုနှစ်နောက်ပိုင်း အမြန်ဆုံး ဂိုးသွင်းနိုင်သူအဖြစ် စံချိန်မှတ်တမ်းတင်နိုင်ပါတယ်။ နောက်ခံကစားသမား ကာလာဖီအိုရီ က ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲစဉ်အဖြစ် အာဆင်နယ်အသင်းက မန်စီးတီးအသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွင် ပွဲအစ ၂၃ စက္ကန့်မှာပင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းကြောင့် ယခုလို မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကာလာဖီအိုရီ အနေနဲ့ အာဆင်နယ်အသင်းနှင့်အတူ ၂ဝ၂၄-၂ဝ၂၅ မှ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၆၆ ပွဲကစားပြီး ငါးဂိုးသွင်းယူထားနိုင်ပါတယ်။(NVS 008)
19 Aug