“မြန်မာ-ရုရှားသမ္မတနှစ်ဦး တွေ့ဆုံပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ရုရှားသမ္မတ၏ ပြောကြားချက်”
19 Aug
မြန်မာ-ရုရှားနှစ်နိုင်ငံသမ္မတများ တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတနှစ်ဦးက မီဒီယာများနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံပူးတွဲကြေညာချက်များကို အပြန်အလှန်ပြောကြားခဲ့ပါတယ်။ ၎င်းပြောကြားချက်များမှ ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ပြောကြားခဲ့သည့် အကြောင်းအရာအချို့ကို ဖော်ပြအပ်ပါသည်- “နိုင်ငံတကာရေးရာ ကိစ္စရပ်များကိုလည်း ဒီနေ့ဆွေးနွေးနိုင်ခဲ့ပါတယ်၊ ရုရှား-မြန်မာ နှစ်နိုင်ငံအစိုးရ အချင်းချင်း၊ ဌာနများအချင်းချင်းအကြား သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်၊ ဆက်လက်ပြီး စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ နှစ်နိုင်ငံအကြား ယုံကြည်မှုရှိတဲ့ ခိုင်မာတဲ့ ငွေပေးချေမှုစနစ်ရှိပါတယ်၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှာ စွမ်းအင်ကဏ္ဍဟာ အရေးကြီးတဲ့ကဏ္ဍ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးစက်ရုံ၊ ရေနံချက်စက်ရုံ စီမံကိန်းများရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ သဘာဝသယံဇာတရှာဖွေရေး၊ မြန်မာနိုင်ငံကမ်းလွန်အပါအဝင် ရေနံဓာတ်ငွေ့ တူးဖော်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်၊ မြန်မာနိုင်ငံကို ရုရှားက LNG တင်ပို့ဖို့ အလားအလာများစွာ ရှိပါတယ်၊ အဆိုပါ LNG ကို ပြည်တွင်းအသုံးပြုရေးအပါအဝင် အခြားနိုင်ငံများကိုလည်း တင်ပို့လို့ရပါတယ်၊ အရင်နှစ် က မြန်မာနိုင်ငံမှာ အဏုမြူဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်၊ ဒီစီမံကိန်းက နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းလည်းဖြစ်ပါတယ်၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း များမှာလည်း စီမံကိန်းအများအပြားဆောင်ရွက် ဖို့ အလားအလာရှိပါတယ်၊ ဥပမာဆိုရင် မြန်မာနိုင်ငံမှာ သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံလည်း တည်ဆောက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်ပိုင်းတွင်လည်း ရေနက်ဆိပ်ကမ်းတည်ဆောက်မှု စီမံကိန်းကို ဆွေးနွေးနေပါတယ်၊ High-Tech နယ်ပယ်မှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးနေပါတယ်၊ မြန်မာနိုင်ငံရဲ့ Digital နယ်ပယ်၊ Cyber Security အစရှိတဲ့ High-Tech နယ်ပယ်မှာ ရုရှားကုမ္ပဏီများရဲ့ အဆိုပြုချက် အစီအစဉ်အများအပြား ရှိပါတယ်။ အာကာသပူးပေါင်းဆောင်ရွက်မှုမှာ ၂၀၂၅ ခုနှစ်က နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါနယ်ပယ်များမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိပါတယ်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကလည်း နှစ်နိုင်ငံအတွက် အရေးကြီးတဲ့နယ်ပယ်ဖြစ်ပါတယ်၊ နှစ်နိုင်ငံဗီဇာ ကင်းလွတ်ခွင့်စနစ်ဖြင့် သိပ္ပံပညာ၊ လူငယ်၊ ခရီးသွား၊ အားကစားသမား အများအပြား အပြန်အလှန်သွားလာ နေကြပါတယ်၊ ဗလာဒီဗော့စတော့မြို့မှာ ရုရှားဆိုင်ရာ မြန်မာကောင်စစ်ဝန်ရုံး မကြာမီဖွင့်လှစ်တော့မှာဖြစ်ပါတယ်၊ ဒါ့အပြင် Altai, Kaluga, Moscow ပြည်နယ်များတွင်လည်း မြန်မာယဉ်ကျေးမှုဘာသာရေး Center ဖွင့်လှစ် ထားရှိကြောင်း” ပြောကြားခဲ့ပါတယ်။(NVS 008)