“လက်ဘနွန်အဝေးပြေးလမ်း၌ အစ္စရေးအလံများစိုက်ထူမှု ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်”

19 Aug

လက်ဘနွန်တောင်ပိုင်းရှိ အဓိကအဝေးပြေးလမ်းမကြီး တစ်ခုပေါ်၌ အစ္စရေးအလံများ စိုက်ထူထားမှုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တစ်ရပ်ကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂ၏ လက်ဘနွန် ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့က ဩဂုတ်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ထိုကဲ့သို့ အစ္စရေးအလံများ စိုက်ထူထားမှုသည် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့ကြား ၂၀၀၆ ခုနှစ်တွင် ဖြစ်ပွား ခဲ့သည့် စစ်ရေးပဋိပက္ခကို အဆုံးသတ်ပေးခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်(၁၇၀၁)ကို ချိုးဖောက်ရာရောက်ကြောင်း ကုလသမဂ္ဂ လက်ဘနွန်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။ နာကွာရာ-တိုင်ရီကမ်းရိုးတန်း အဝေးပြေးလမ်းသည် ကုလသမဂ္ဂ၏ လက်ဘနွန်ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များလည်း အသုံးပြုနေသည့် အဝေးပြေးလမ်းဖြစ်သည်။ အစ္စရေးတပ်မတော်သည် ယခုနှစ်စပိုင်းအတွင်း လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုနှင့် စစ်ရေးပဋိပက္ခဖြစ်ပွားနေစဉ် လက်ဘနွန်နိုင်ငံတောင်ပိုင်းသို့ ကျူးကျော် ဝင်ရောက်၍ ကြားခံလုံခြုံရေးဇုန် သတ်မှတ်ကြေညာထားကြောင်း သိရသည်။

19 Aug

ADVERTISE HERE .